ငလျင်ဒဏ်သင့်ပြည်သူများအတွက် မန္တလေးမြို့ဆိုင်ခွဲတွေမှာ အခမဲ့စားသုံးနိုင်ကြောင်းကြေညာလိုက်တဲ့ သန်းကြွယ် လက်ဖက်ရည်ဆိုင်

📅 2025-04-05

ငလျင်ဒဏ်သင့်ပြည်သူများအတွက် မန္တလေးမြို့ဆိုင်ခွဲတွေမှာ အခမဲ့စားသုံးနိုင်ကြောင်း သန်းကြွယ်လက်ဖက်ရည်ဆိုင်က အောက်ပါအတိုင်းကြေညာလိုက်ပါတယ်။

Banner

“ကယ်ဆယ်ရေး နှင့် ပရဟိတ သူရဲကောင်းများ သန်းကြွယ် သိပ္ပံဆိုင်ခွဲတွင် အခမဲ့သုံးဆောင်နိုင်ပါသည်”

🙏🏻 ငလျင်ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသူများအတွက် သန်းကြွယ်မိသားစုမှ ထပ်တူစိတ်မကောင်းဖြစ်မိပါတယ်။ မန္တလေးမြို့နှင့် ဒေသအနှံ့အပြားမှာ ကျရောက်ထိခိုက်ခဲ့တဲ့ ငလျင်ဘေးဒဏ်များအတွက် “သန်းကြွယ်”မှ တတ်အားသ၍ ကူညီပါရစေ။

🔸 ငလျင်ဒဏ်ကြောင့် မန္တလေးမြို့ရှိ “သန်းကြွယ်”ဆိုင်ခွဲများမှာ ထိခိုက်မှုအနည်းငယ်ရှိခဲ့ပေမယ့် လက်ရှိအခြေအနေမှာ ပြည်သူပြည်သားတို့ရဲ့ စားသောက်နေထိုင်မှုများ အဆင်ပြေလွယ်ကူစေဖို့ “သန်းကြွယ်” သိပ္ပံလမ်းဆိုင်ခွဲကို ဖွင့်လှစ်ထားပါတယ်။

🍽 ငလျင်ဘေး ကယ်ဆယ်ထူထောင်မှုများမှာ လူအင်အားဖြင့် ပါဝင်ပံ့ပိုးပေးနေတဲ့ ကယ်ဆယ်ရေး နှင့် ပရဟိတ သူရဲကောင်းများအားလည်း မန္တလေးမြို့ “သန်းကြွယ်” လက်ဖက်ရည်ဆိုင် (သိပ္ပံဆိုင်ခွဲ) မှာ စားသောက်ဖွယ်ရာများ အခမဲ့ လာရောက်သုံးဆောင်နိုင်ဖို့ ပြင်ဆင်လှူဒါန်းပေးထားပါတယ်။

🙌🏻 ငလျင်ဘေး ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း တတ်နိုင်တဲ့ဘက်မှ ကူညီဖြည့်ဆည်းပေးနိုင်ဖို့ “သန်းကြွယ်”မှ အားတက်သရော ပါဝင်လှူဒါန်းသွားဦးမှာပါ။ ငလျင်ဘေး ကူညီပံ့ပိုးမှုများအတွက် အားဖြည့်ထောက်ပံ့ပေးဖို့ အစီအစဉ်များကို ကြိုးစားဆောင်ရွက်နေပြီဖြစ်ပါတယ်။

← Home ကို ပြန်သွားရန်
« ပိုသစ်သော ဇာတ်လမ်းနောက်ဆက်တွဲ နေ့စဉ် လှုပ်ခတ်နေတဲ့ ငလျင် အသေးစားလေးတွေကြောင့် မြို့ပြနေပြည်သူများ ထိတ်လန့်နေရ ပိုဟောင်းသော ဇာတ်လမ်း »ပူရှိန်း ကျဉ်ဆိမ့်နေတာဘဲ ရှင့်

📚 နောက်ထပ် ဇာတ်လမ်းများ

2026-10-21 နင့်အမေက အကောင်းဆုံးဘဲ
နင့်အမေက အကောင်းဆုံးဘဲ
2026-10-21 နင့်အမေက အကောင်းဆုံးဘဲ
နင့်အမေက အကောင်းဆုံးဘဲ
2026-10-21 နင့်အမေက အကောင်းဆုံးဘဲ
နင့်အမေက အကောင်းဆုံးဘဲ
2026-10-20 မွေးစားမိသားစုနှင့် ကျနော်
မွေးစားမိသားစုနှင့် ကျနော်
2026-09-18 သက်နွယ်
သက်နွယ်
2026-09-18 တစ်နာရီ လေးဆယ့်ငါးမိနစ် (အစ/အဆုံး)
တစ်နာရီ လေးဆယ့်ငါးမိနစ် (အစ/အဆုံး)